လူစိတ်ကင်းမဲ့သော ဖခင်တစ်ဦး၏ ပေးသော ဒုက္
ထိုင်းနိုင်ငံ မဲ့ဆောက် မြို့မှ မြန်မာ အမျိုးသမီး တစ်ဦး သည် ကိုယ်ဝန်သုံးလအချိန်ကတည်းက လင်ယျောက်ကျား စွန့်ပစ်ခြင်းခံခဲ့ရသည်
သွားစရာနေစရာ မရှိသဖြင့် မဲ့ဆောက် မြို့ ဘတ်နှစ်ရာ ဈေးနားအိမ်တစ်အိမ်က မြန်မာ အမျိုးသမီး တစ်ယောက် သွေးမတော်သားမစပ် ခေါ်တင်ကျွေးမွေးထားခဲ့သည် ။
မွေးရက်စေ့လို့ မဲ့ဆောက် ဆေးရုံ ကြီးမှာ သွားရောက်စဉ် ဗိုက်ထဲကခလေးက အမွှာပူး ဖြစ်သောကြောင့် ခွဲမွေးရမည်ဟု ဆေးရုံ ကပြောသည်..
မဲ့ဆောက် ဆေးရုံ ကတော့ ခလေးနှစ်ဦးကို တော့
ခွဲစိတ်မွေးပေးခဲ့ပါသည်.. သို့သော် မွေးစရိတ် ဘတ်သုံးသောင်း ပေးရမည်ဆိုသောအခါ ပေးစရာပိုတ်ဆံ လည်း တစ်ဘတ်မှမရှိ ဖြစ်နေသည်..
နောက်ဆုံး ဆေးရုံ က ခလေးတစ်ယောက်ကို
ခေါ်ထားမယ် ပိုတ်ဆံ ဘတ်သုံးသောင်းမရရင်တောင် ရှိသလောက် လာပေးမှ ခလေးလာပြန်ယူဟု ပြောခဲ့ကြောင်း ခလေးအမေမှ ပြောကြားပါသည်.
စားစရာလည်းမရှိ နေစရာ လည်းမရှိ ကျန်ခဲ့တဲ့ခလေးတစ်ယောက်ကို ပြန်ရွေးယူပြီး မြန်မာ ပြည်ပြန်လိုကြောင်း ငိုယိုကာ ကျွန်တော့အား အကူအညီ လာတောင်းသဖြင့် ပို့စ်တင်ပေး ရခြင်းဖြစ်သည်..
မဲ့ဆောက် မှာရှိကြတဲ့ တတ်နိုင်တဲ့သူများ
ကူညီ ပေးကြပါ အုံးဗျာ.. 🙏🙏 လုပ်ပေးနိုင်သလောက်တော့ လုပ်ပေးသွားမှာပါ အကူအညီ ပေးချင် သူများရှိပါက ဆက်သွယ် ပေးကြပါ ခလေးကို ပြန်ရွေးပြီး သူတို့ သားအမိကို မြန်မာပြည် ပြန်ပို့ပေးချင်ပါသည်.. ။